“💖ဖြူဖြူ့ထံသို့နှလုံးသားသဝဏ်လွှာ💖”
ဒီနေ့ (၁၅) ယောက်မြောက်ဖော်ပြခံရသူအနေနဲ့ရွေးချယ်ထားတာကတော့... "ဇွန်သက်ငုံ" ဖြစ်ပါတယ်ရှင်🥰
#ToDiva
မဖြူကိုငယ်ငယ်ကတည်းကစကြိုက်ခဲ့တာဝောာ့မဟုတ်ခဲ့ဘူး အရင်ကသီချင်းနားထောင်လေ့မရှိဘူးဆိုတော့😔
ဘယ်ကစပြီးသိတာလဲဆိုဝောာ့ ကြယ်ကလေးရဲ့မိုးကောင်းကင် ကလေးသီချင်းဆိုပြိုင်ပွဲကိုအိမ်ကလူကြီးတွေကြည့်တော့လိုက်ကြည့်မိရင်းနဲ့ မဖြူကဒိုင်ဆိုဝောာ့အဲ့တာကနေစသိခဲ့တာပါ🤗 မဖြူ fashionကလန်းဆန်းတယ်ပေါ့🤩 နောက်ပြီး ပြိုင်ပွဲမှာဆိုတော့လဲမဖြူသီချင်းကိုတော်တော်များများဆိုကြတယ်☺️ အဲ့ကနေစသိခဲ့တယ်😍ဒီလိုနဲ့အဖေနဲ့ 13.3.2013မှာဇာတ်ကားခွေတွေသွားဝယ်ရင်းနဲ့ အဖေကခွေယူဦးမလားပြောတော့သီချင်းခွေတွေထဲ မဖြူသီချင်းခွေ မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်ကထိပ်ဆုံးမှာရှိနေခဲ့တယ် အဲ့တာနဲ့နားထောင်ကြည့်မယ်ဆိုပြီးဝယ်ခဲ့တယ် အိမ်ရောက်တော့နားထောင်ကြည့်ပြီး တစ်ခါတည်းကိုမဖြူကနှလုံးသားထဲရောက်သွားခဲ့တယ်❤️❤️အဲ့တုန်းကဖုန်းမကိုင်သေးတော့အမကိုfbမှာပုံတွေတင်ရင်saveခိုင်းထားတယ်💝နောက်ပြီးပြိုင်ပွဲကဒိုင်လုပ်တဲ့ပုံတွေရိုက်ထားပြီးတော့ ဓါတ်ပုံဆိုင်မှာသွားကူးတယ် ဆိုင်ကလူတွေကဝောာ့ခိုးရီကြသေးတယ်😤
အရမ်းကိုကြိုက်သွားတော့ မဖြူ နာမည်ကို ဖြူဖြူေကျာ်သိန်းလို့ သူငယ်ချင်းတွေခေါ်ရင်မကြိုက်ဘူးလေးလေးစားစားမရှိဘူးဆိုပြီးေတာ့😁အပြည့်အစုံမခေါ်ခိုင်းဘဲဖြူဖြူ လို့ပဲခေါ်ခိုင်းတော့သူတို့တွေကမဖြူအကြောင်းပြောတော့မယ်ဆို နင့်ရဲ့ဖြူဖြူ😁 ဆိုပြီးတော့ပြောကြတယ်🤗
TVမှာမဖြူပါပြီဆိုဖုန်းဆက်ပေးကြတယ်😍
အိမ်ကလူတွေကလဲအရမ်းကြိုက်တော့လိုက်စကြတယ်😏 စရင်လူကြီးတွေနဲ့ရန်ဖြစ်ပြီးအတိုက်အခံပြန်လုပ်ရတာပေါ့😒နောက်တော့မစရဲတော့ဘူး🤪
နောက်ပိုင်းတော့ အိမ်နီးချင်းတွေကော အမျိုးတွေကောအားလုံးသိကုန်ကြတယ် မဖြူသတင်းဆိုလာလာပြောကြတယ်☺️ဒါကတော့မဖြူကိုစသိပုံနဲ့ ကိုယ့်နားကလူတွေတောင်အရမ်းရူးမှန်းသွားကြပုံပါ☺️🤗😍
မဖြူသီချင်းခွေတိုင်းဝယ်တယ် သတင်းစာထဲcoverပါပြီဆိုသွားဝယ်တယ်
သွားဝယ်တိုင်းပြသာနာတော့ရှိတယ် ဘာလို့ဆို ဆိုင်ရောက်ရင် သရေကွင်းမစီးဖို့ပြောရတာနဲ့ ဆိုင်ကယ်နောက်ကကိုင်ပေးတဲ့သူကိုတွန့်ကုန်ရင်အသေပဲလို့ခြိမ်းခြောက်ရတာနဲ့ပေါ့😁အိမ်နဲ့အတိုက်အခံလုပ်ပြီးဝောာ့အားပေးခဲ့ရတယ်ဘာလို့ဆိုအိမ်ကလူေတွကအစွဲအလန်းကြီးတာမကြိုက်ကြဘူးဒါမှလဲတားမရပါဘူး😅ကျောင်း စာအုပ်ဝယ်မယ်ဆိုပြီးmagazine တွေသွားဝယ်တယ်လေ 😂အိမ်ကလူတွေကိုဂျင်းထည့်ပြီးသွားဝယ်တော့ဆူတာပေါ့😅 မဖြူပါတဲ့ကြော်ငြာစာရွက်လေး(C 500)တွေအိမ်နားကဆိုင်တွေဝေပြီဆိုအကုန်သွားယူထားတာ🤗မဖြူပုံနဲ့ရေမွှေးလေးထွက်တုန်းကလဲအိမ်ကမသိအောင်သိပ်သိပ်လေးဝယ်ထားတယ် ခုထိမသိကြသေးဘူး 😂ဘူးထဲပဲထည့်ပြီးတစ်ခါမှမသုံးကြည့်ဘူးနှမျောလွန်းလို့😍🤩မဖြူဆိုတာနဲ့အားလုံးကိုသိမ်းထားချင်တဲ့စိတ်ကလေးရှိတယ် အရမ်းချစ်တာကို😘😘
တကယ်ဆိုမဖြူကလဲဘယ်လိုမှကို သိသွားပြီဆိုမကြိုက်ဘဲမရူးသွပ်ဘဲမနေနိုင်တဲ့🤯အချစ်ခံလူတန်းစားကို🤗😍
မဖြူကနာမည်ကြီးဆိုပြီးလဲမာနမကြီးတတ်ဘဲအမြဲနိမ့်နိမ့်ချချလေးပြောတတ်တယ်🤩 မဖြူကကလေးလေးလိုဖြူစင်ပြီးအရမ်းချစ်ဖို့ကောင်းတယ်😍😘 မဖြူပြောတဲ့စကားတွေကအဓိပ္ပာယ်ရှိပြီးလေးစားဖို့ကောင်းတယ်❤️ ဘယ်တော့မှတစ်ခြားသူကိုထိခိုက်မပြောဆိုဖူးဘူး💙 fanတွေကိုပါတစ်ပါးသူကိုမထိခိုက်ဘဲပြောဆိုဖို့ တစ်ခြားသူတွေကမဖြုကိုမကောင်းပြောလာရင်လဲမဆဲဆိုဘဲမေတ္တာနဲ့ပဲတုန့်ပြန်ဖို့ပြောပြပေးတယ်🤩မလေးစားဘဲမနေနိုင်ဘူး🤗 ဒီလိုအရာတွေကြောင့်အတိုင်းအဆမရှိအောင်ကိုချစ်ရပါတယ်😘 သူများတွေလိုငယ်ငယ်ကတည်းကမဟုတ်ခဲ့ဘူး❤️13.3.201💙 ကစပြီးဝောာ့ကြိုက်ခဲ့ပေမယ့်လဲ သူများတွေထပ်ပိုပြီးဝောာ့လဲချစ်ရပါတယ် အမြဲတမ်းထပ်ထပ်တိုးတိုးပြီးချစ်သွားမှာပါမဖြူ မဖြူကညီမအတွက်Idolဆိုတာထက် ညီမလောကကြီးပါ 🌍မဖြူရှိနေမှပဲ ညီမဘဝကပြီးပြည့်စုံနေခဲ့တာပါ🌟 အရမ်းကိုချစ်ပါတယ်မဖြူ❤️💙❤️
ရေးရင်းနဲ့နည်းနည်းရှည်သွားတယ် မဖြူကိုချစ်တဲ့အကြောင်းဆိုရေးလို့မကုန်နိုင်ဘူး😁 အဆုံးထိဖတ်ပေးတာကျေးဇူးပါပဲ😘☺️😘
❤️ Zon Thet Ngon ❤️
ဒီ program လေးကိုတနင်္ဂနွေနေ့မနက်တိုင်းဖြူဖြူရဲ့ဒီ official page မှာ first post အနေနဲ့တင်ပေးသွားမှာပါရှင့်😇
ချစ်တဲ့ပရိသတ်တွေကဖြူဖြူ့ဆီပေးပို့လာတဲ့ရင်တွင်းဖြစ် စာလွှာလေးတွေထဲကမှတစ်ပတ်ကိုတစ်ယောက်ရွေးချယ် ပြီးဓာတ်ပုံလေးနဲ့တကွအမှတ်တရတင်ပေးသွားမှာပါ🥰(ဟိုးအရင် internet မပေါ်ခင်ကတော့...ဖြူဖြူနဲ့ပရိသတ် တွေကြားဘောပင်နဲ့အပြန်အလှန်ရေးတဲ့စာလွှာလေးတွေရှိခဲ့ကြတာပေါ့🥰... ခုခေတ်မှာတော့ keyboard နဲ့ရေးတဲ့စာလွှာလေးတွေအဖြစ် update လုပ်လိုက်ပြီပေါ့နော်😉)
ဒီစာလွှာလေးတွေကိုဖတ်ရတိုင်း ပျော်ရတယ်..ကြည်နူးရတယ်..စိတ်ခွန်အားသစ်တွေရတယ်..ကျေနပ်ရတယ်.. စိတ်ချမ်းသာရတယ်..ပိုကြိုးစားချင်စိတ်တွေဖြစ်တယ်..ကို ယ့်ကိုဘယ်ချိန်ဘယ်ခါတည်းကဘယ်လောက်ထိအားပေးချစ်ခင်တန်ဖိုးထားလဲဆိုတာသိရတယ်..အဲ့ဒီအတွက်အရမ်းလည်းကျေးဇူးတင်ရပါတယ်😇
ဖြူဖြူ့ဆီကို နှလုံးသားသဝဏ်လွှာ လေးတွေပေးပို့ပြီးဒီ program လေးမှာဖြူဖြူ့ကိုချစ်တဲ့သူတွေနဲ့အတူတူပါဝင် join ချင်တယ်ဆိုရင်တော့ #ToDiva လို့ထိပ်စီးတပ်ရေးသားပြီးအောက်က group link လေးဆီကိုပေးပို့ရမှာဖြစ်ပါတယ်🥰
https://www.facebook.com/groups/3269945066376669/?ref=share